Psycho-Pass 1 (2012)

June 03, 2021 1


Review (Rasa)

22 ရာစုရောက်တဲ့အခါမှာ စက်ပစ္စည်းတွေရဲ့ကြီးစိုးမှုက အရမ်းကျယ်ပြန့်လာပါတယ်။ နေ့စဉ်ဘဝကို စက်ပစ္စည်းနဲ့စပြီး စက်ပစ္စည်းနဲ့အဆုံးသတ်တဲ့အထိပဲ။ နည်းပညာတွေ တိုးတက်လာတဲ့အခါ လူတွေက Sibyl ဆိုတဲ့စနစ်ကြီးကိုတီထွင်ဖန်တီးခဲ့တယ်။ လူတွေရဲ့ဘဝကို ဆုံးဖြတ် စီမံပေးတဲ့စနစ်ကြီးပေါ့။

တရားမျှတမှု၊ တရားစီရင်မှုကိုလည်း Sibyl စနစ်ကြီးကပဲ ထိန်းချုပ်တယ်။ နိုင်ငံသားတစ်ယောက်ချင်းစီရဲ့ ပြစ်မှုကျူးလွန်လိုစိတ်၊ မကောင်းတာလုပ်ချင်တဲ့ စိတ်အခြေအနေတွေကို စစ်ဆေးတိုင်းတာတဲ့ကဏ္ဍလည်းရှိတယ်။ အဲ့ဒါကို Psycho-Pass လို့ခေါ်တယ်။ သူ့ကိုကျအရောင်နဲ့ဖော်ပြပြီး  အရောင်ကြည်ကြည်လင်လင်လေးတွေဆို အခြေအနေကောင်းပြီး မကောင်းတဲ့စိတ်တွေဝင်လာတဲ့အခါ အရောင်ကအုံ့မှိုင်းသွားတယ်။ ဒီလိုအုံ့မှိုင်းလာသူတွေကို ရာဇဝတ်ကောင်ဖြစ်နိုင်ချေရှိသူလို့ ခေါ်ပါတယ်။ အဲ့လိုအုံ့မှိုင်းလာတဲ့သူတွေကို တရားစီရင်ဖို့ ပြည်သူ့လုံခြုံရေးရုံးလက်အောက်က မှုခင်းစုံစမ်းရေးဌာနက တာဝန်ယူတယ်။ စစ်ဆေးရေးအရာရှိတွေရဲ့အမိန့်ပေးချက်နဲ့ သူတို့လက်အောက်သား Enforcer ဆိုသူတွေက သတ်သင့်တဲ့သူသတ်၊ ပြန်လည်ထူထောင်ရေးလုပ်သင့်တဲ့သူကိုလုပ် စတဲ့လက်ညစ်ပတ်ရတဲ့အလုပ်တွေလုပ်ဆောင်ရပါတယ်။ Enforcer ဆိုတာ အရာရှိရာထူးကနေမှ ရာဇဝတ်ကောင်ဖြစ်နိုင်ချေရှိလာလို့ ရာထူးကျသွားသူ၊ အုံ့မှိုင်းသွားသူတွေထဲမှာမှ ပြန်လည်ထူထောင်ရေးမှာ တသက်မကုန်သွားချင်လို့ Enforcer လုပ်တဲ့သူတွေပါ။ ပစ်မှတ်ကိုရှင်းဖို့၊ ထိန်းသိမ်းဖို့ စတဲ့အလုပ်တွေကိုလုပ်ရတဲ့ အမဲလိုက်ခွေးတွေပေါ့။

Sibyl စနစ်ကနေ ပြည်သူ့လုံခြုံရေးရုံးက ဝန်ထမ်းစံနှုန်းတွေကိုအောင်တယ်လို့ဆုံးဖြတ်ပေးတာခံရပြီး မှုခင်းဌာနကိုရောက်လာတဲ့ Tsunemori Akane ဆိုတဲ့ကောင်မလေးတစ်ယောက်၊ လက်တွေ့မှာ Sibyl ကဆုံးဖြတ်ပေးသမျှက လုံးဝဥဿုံမှန်ကန်နေတာမဟုတ်ဘူးဆိုတာကို သိလိုက်ရတဲ့အခါ သူဘာတွေဆက်လုပ်မှာလဲ။ Kougami Shinya ဆိုတဲ့ enforcer ရဲ့အမှုလိုက်ပုံတွေ၊ main villain ဖြစ်တဲ့ Makishima ဆိုသူရဲ့ အရမ်းကိုပညာသားပါ ပါးနပ်လွန်းတဲ့နောက်ကွယ်က ကြိုးကိုင်ခြယ်လှယ်ပုံတွေ၊ ပဟေဠိဆန်ဆန် မှုခင်းတွေကို ဖြေရှင်းပုံတွေကိုကြည့်ရှုရမှာမလို့ ကြည့်ရှုအားပေးရန် ဖိတ်ခေါ်အပ်ပါတယ်။

Download Link (BD 1080p HEVC 10bit FLAC)


Ep01 (353MB) - Mediafire / Datbu


Ep02 (448MB) Mediafire / Datbu


Ep03 (459MB) - Mediafire / Datbu 


Ep04 (436MB) - Mediafire / Datbu


Ep05 (495MB) - Mediafire / Datbu


Ep06 (497MB) - Mediafire / Datbu


Ep07 (414MB) - Mediafire / Datbu


Ep08 (443MB) - Mediafire / Datbu


Ep09 (441MB) Mediafire / Datbu


Ep10 (450MB) Mediafire / Datbu


Ep11 (446MB) - Mediafire / Datbu


Ep12 (448MB) - Mediafire / Datbu

Ep 13 (288MB) - Mediafire / Datbu

Ep 14 (360MB) - Mediafire / Datbu

Ep 15 (396MB) - Mediafire / Datbu

Ep 16 (368MB) - Mediafire / Datbu

Ep 17 (340MB) - Mediafire / Datbu

Ep 18 (282MB) - Mediafire / Datbu

Ep 19 (301MB) - Mediafire / Datbu

Ep 20 (346MB) - Mediafire / Datbu

Ep 21 (384MB) - Mediafire / Datbu

Ep 22 (453MB) - Mediafire / Datbu

#End

1 Comments for "Psycho-Pass 1 (2012)"

avatar

ကျေးဇူးပါမင်မင် ဆက်တင်ပေးပါနော်